ပန်းတောင်းမြို့နယ်၌ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပန်းတောင်း    ဇွန်    ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က ရွှေညီနောင် ကျေးရွာအုပ်စု၊ ရေမနောက်ကျေးရွာ၊ အရိယာဝါသ (သီလရှင်)ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း(၁၅၀)ပင်၊ မဟော်ဂနီ (၅၀)ပင်၊ ခရေ(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ တရုတ်တည်(၃၀)ပင်၊ စိန်ပန်း (၃၀)ပင် နှင့် ငု(၄၀) ပင် စုစုပေါင်း သစ်မျိုး(၇) မျိုး၊ ပျိုး(၄၀၀)ပင်အားသစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေးနှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၄၄)ဦးတက်ရောက်ခဲ့ပြီး သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုး ခဲ့ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)