လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်
Aug 09,2025
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်နိုင်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။