ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟုမ္မလင်း ဩဂုတ် ၉

ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့  မွန်းလွဲ(၁) နာရီခွဲအချိန်က ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိသည်။

ဦးစွာ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါ်လှလှခင်က ယနေ့ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော ဆက်သွယ်ရေးလိမ်လည်မှုများဆိုင်ရာအကြောင်းအရာများ မှုခင်းများနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ  ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဗီဒီယို clip ၂ ခုအား ပြသရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အောင်မြင်ရေးနည်းလမ်းများအကြောင်း ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)