သတင်းများ

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Aug 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 09,2025
 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက် သာသန့ာဝေပုလ္လဓမ္မာရုံတွင် ယနေ့မွန်းလွဲပိုင်းက ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
သာ​ကေတမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဆို၊ အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 09,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆို၊ အက ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံ၊လေလုံ အားကစားခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပြိုင်ပွဲဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ဦးဆောင်၍ ဌာနေရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ဒသမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 09,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ဌာနေရှမ်းတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် မျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်အတွင်းရှိ ရှမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 09,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီး ဝန်းအတွင်းရှိ ဥပုသ်ချောင်းဝဲ/ယာအတွင်းရှိ ရေစီးရေလာကောင်းစေရန်အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ၊ ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆေးရုံဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲချောင်းလူကူးကြိုးတံတား ဖွင့်လှစ်
Aug 09,2025
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်းကျပ်သန်း (၁၂၈၆ ဒဿမ ၁၀၅)ဖြင့် လှိုင်းဘွဲမြို့နယ်၊ (က)ရပ်ကွက်၊ ရွှေဂွန်းလမ်း(ဇင်ယော်ဖြတ်လမ်းမှ အ.ထ.က(၁)ရှေ့လမ်း)ဖြတ်ကျော်တည်ဆောက်ထားသည့် လှိုင်းဘွဲချောင်းလူကူးကြိုးတံတား (၂၄၀)ပေ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတံတားထိပ်၌ ကျင်းပခဲ့သည်။
ဖျာပုံခရိုင်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး၊ အေရိုးဗစ်အသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်
Aug 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး၊ အေရိုးဗစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။