သတင်းများ

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌  စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ
Jun 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အောင်မြေသာစံမြို့နယ် အလက(၄)၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Jun 09,2026
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)၊ လမင်းစီမံချက်ဖြင့် ဇွန် ၉ရက် နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးထွန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၄၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာလွင်နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
သန်လျင်မြို့နယ် သပြေကန်မူ (လွန်) ကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် သပြေကန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက်
Jun 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်/စိစစ်ကတ်) နှင့် Unique Identification Number (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဇွန် ၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 09,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဒက္ခိဏသီရိမြို့နယ်တွင်းရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်​၊ ကျောင်းသား၊ကျောင်းသူ ၄၅၁၈၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ
Jun 09,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် (၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း ၄၅၁၈၉ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jun 09,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အနောက်ရပ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ
Jun 09,2026
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။