မြန်အောင် သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယနေ့နံနက် ကစားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာရောင်းချပေးနေမှုအား မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ တစ်ပိဿာ (၆၉၀၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၂၈၆၀) ပိဿာ၊ ဆင်းသုခဆန်တစ်ပြည် (၂၀၀၀) ကျပ်နှုန်းဖြင့် ဆန်(၁၀) အိတ်၊ ကြက်ဥတစ်လုံး (၃၀၀) ကျပ်နှုန်းဖြင့် ကြက်ဥ အလုံး (၁၀၀၀) ရောင်းချပေးမှုအား မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အတူ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ မြန်အောင်မြို့ အမှတ်(၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေး ရွာအုပ်စုတို့တွင်လည်း စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)