သတင်းများ

နမ့်စန်မြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲ ကျင်းပ
Jun 05,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ​ကျောင်းသူ (၄၀၆)ဦး ပညာသင်ကြားလျက်ရှိ
Jun 05,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ(၄၀၆)ဦး ဇွန် ၅ ရက်၊ နံနက် ၉ နာရီတွင် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ထရန်စဖော်မာနှင့် ဓာတ်အားလိုင်များ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ထရန်စဖော်မာနှင့် ဓာတ်အားလိုင်များ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ဇွန်လ ၄ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ၂ဝ၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ထိန်းသိမ်းထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Jun 05,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးသန်းထွတ်သိန်းတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါ လျက် ဇွန်(၃)ရက်နှင့် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ၂ဝ၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး MEVM မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမနှင့် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတို့တွင် တာဝန်ရှိသူမျာအား အစည်းအဝေးခန်းမများတွင် တွေ့ဆုံခဲ့ကြသည်။ 
သံတောင်ကြီးဒေသတွင် လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာ
Jun 05,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ရွက်နုများ ထွက်ရှိချိန်တိုင်းတွင် ခူးယူ၍ လက်ဖက်စို၊ လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချရပြီး တစ်နှစ်ပတ်လုံးနီးပါး ဝင်ငွေရသည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ဥယျဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအုပ်စုနှင့် မလွှပင်ကျေးရွာအုပ်စုမှ နှမ်းစိုက်တောင်သူများအား နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထီးလှိုင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 05,2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြိုနယ်၊ ကဇင်းကြီးကျေးရွာ၊ ဘောလုံးကွင်းအနီး၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဓနုဖြူမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 05,2026
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နန်းတော်ကုန်းကျေးရွာအုပ်စု၊ မီးရထားဘူတာဝန်းတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။