ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ဦးဆောင်၍ ဌာနေရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ဒသမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မြစ်ကြီးနား သြဂုတ် ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ဌာနေရှမ်းတိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် မျိုးနွယ်စုများ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်အတွင်းရှိ ရှမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ အင်းလေးကျောင်းတိုက်ဆရာတော် ဘန္တဒ္ဒဓမ္မနာဒအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးနှင့် ဇနီးဒေါ်သွဲ့လေး‌အောင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများက ငါးပါးသီလစောင့်တည်ကြကာ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ အနုမောဒနာတရားတော်များနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြကာ ရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)