ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဩဂုတ်

 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက် သာသန့ာဝေပုလ္လဓမ္မာရုံတွင် ယနေ့မွန်းလွဲပိုင်းက ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသန့်‌ဇော်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးနှင့်ပက်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက် ရေးနှင့်ပက်သက်သည့် အသိပညာပေး အကြောင်းအရာများပါဝင်သော video (၂)ခု အား အသိပညာရရှိစေရေး ဖွင့်လှစ်ပြသရာ တက်ရောက်လာသော ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ရပ်ကွက်နေပြည်သူများ အွန်လိုင်းမှမိတ်‌ဆွေဖွဲ့ပြီး လိမ်လည်ခံရမှု မဖြစ်စေရေး၊ ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှုများ မခံရစေရေးရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

အေးမဉ္ဇူ