ဖျာပုံခရိုင်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး၊ အေရိုးဗစ်အသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်

ဖျာပုံ သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး၊ အေရိုးဗစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ခရိုင်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး၊ အေရိုးဗစ်အသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ရာတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ခရိုင်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ အားထားရသော မျိုးဆက်သစ်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အောင်နိုင်ရေးအလံအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားအသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံး၊ အေရိုးဗစ်ပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများအား ပေးအပ်သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့မိ၊ မြို့ဖများက ခရိုင်ကိုယ်စားပြုယှဉ်ပြိုင်မည့် အားကစားသမားများအား ပံ့ပိုးငွေကျပ် (၂၅)သိန်းအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)