သာကေတ သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှုး ဦးဝင်းသိန်းမှ ရပ်ကွက်စာကြည့်တိုက်များအား လိုအပ်သည့်များမှာကြားပြီး မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က စာကြည့်တိုက်အခြေအနေများနှင့် ဆောင်ရွက်ရန်လိုသည့်အချက်များအား ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များမှ စာကြည့်တိုက်များ၏ အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)