ငပုတောမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် မိုးရာသီသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုး ထည့်သွင်းခြင်းအခမ်းအနားကျင်းပ
May 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားကို ယမန်နေ့က မန်ကျည်းပင်ကျေးရွာအုပ်စု၊ သုံးခွကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၇၁၅) ကွင်းအမည် မှန်တော့ကန် ဦးပိုင်အမှတ် (၂၇/၅)၊ တောင်သူ ဦးလှအေး၏လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇင်နိုင်နှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။