သရက် မေ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံတော်အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများအရောက်ကွင်းဆင်း၍ ကျွဲနွားများအား ကူးစက်ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်ကစတင်ပြီး ထုံးတောင်ကျေးရွာအုပ်စု၊ ထုံးတောင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကဦးဆောင်ပြီး ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သား(CAHW) များနှင့်အတူ မွေးမြူရေးတောင်သူ (၆၁)ဦး မွေးမြူထားသည့် ကျွဲနွား စုစုပေါင်း (၁၉၆)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း အသိပညာပေးခြင်း၊ မေထုံမဲ့သားစပ်ခြင်းနှင့် နို့စားနွားများ တိုးချဲ့မွေးမြူခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များအကြောင်း အသိပညာပေးဆွေးနွေးပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)