ခိုလမ်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံ

ခိုလမ် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခိုလမ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

 ဦးစွာ နမ့်စန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက  လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်တို့က မိတ်ဆက်စကားများပြောကြား၍ မြို့အဆင့်ဌာနဆိုင်ရာအကြီအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတူတကွပေါင်းစပ် ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ခိုလမ်မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းတာဝန်များ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)