ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းအား ကြည့်ရှုအားပေး

မြောင်းမြ မေ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှရက်(၁၀၀)စီမံချက်အဖြစ် “လူမှုစီးပွားဘဝ’’ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြီးမှူးကျင်းပဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို (၄.၅.၂၀၂၆) ရက်နေ့မှ (၁၇.၆.၂၀၂၆)ရက်နေ့အထိ သင်တန်းသူ(၁၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်နေမှုအား မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)