ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်

မြန်အောင် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စု၊ အောင်ရတနာကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေက မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အောင်ရတနာကျေးရွာတွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ခိုင်မာသည့်အထောက်အထား မြေငှားဂရန်ရရှိခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စု၊ အောင်ရတနာကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေ (၁၂.၄၀) ဧကအားကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)