အုတ်ဖို မေ ၁၀
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု၊ အညာတန်းကျေးရွာတွင် ဆိုလာရေတင်စနစ်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုကာ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနှင့် တာဝန်ရှိသူများက တောင်သူများနှင့်တွေ့ဆုံကာ အီးအမ်ဘိုကာရှီ သဘာဝမြေသြဇာ ပိုမိုသုံးစွဲရေးနှင့် လိုအပ်သည်များဆွေးနွေးခဲ့ကြပြီး ဆိုလာရေတင်စနစ်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုအား ကွင်ဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)