ပုဂံမြို့ဟောင်း ကျန်စစ်မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာမြတ်စွာဘုရားကြီးတိုက်မပေါ်ရှိ အရန်စေတီလေးဆူအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းစတင်

ညောင်ဦး မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ကျန်စစ်မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး တိုက်မပေါ်ထပ်ရှိ စေတီအရန်လေးဆူ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို မေ ၉ ရက်၊ ယမန်နေ့ နံနက် ၁၁ နာရီက ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ အရန်စေတီလေးဆူလုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူပူဇော်ခဲ့ကြောင်းသိရသည်။

အာနန္ဒာမြတ်စွာဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးခဲ့သည့် တိုက်မကြီးလိုဏ်အတွင်းရှိ မတ်ရပ်ရုပ်ပွားတော်ကြီးလေးဆူနှင့်အထွဋ်စေတီတို့အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီးဖြစ်ရာ ယခုအခါ အရန်စေတီလေးဆူအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်နေပြီဖြစ်ကြောင်း၊ အဆိုပါရွှေသင်္ကန်းလုံးတော်ပြည့်ကပ်လှူရာသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များက စတင်ကပ်လှူပူဇော်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း