ကျွန်းလှမြို့နယ်၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု သီတင်းပတ်ဆောင်ရွက်

ကျွန်းလှ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှု သီတင်းပတ်အဖြစ် ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဆောင်ရွက်သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်‌ရည်သန့်ရှင်းရေး၊ ကူးစက်ရောဂါများအကြောင်းနှင့် အာဟာရဖွံ့ဖြိုးရေး စသည့်ကျန်းမာရေးဆိုင်ရာများ ရှင်းလင်စပြောကြားသည်။

ထို့နောက် မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မူလတန်းမှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများအား သံချဆေး၊ ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် Grade-5 မှ Grade-12 ထိ ကျောင်းသူများအား သံဓာတ်အားဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)