ကျေးသီးမြို့ အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသခြင်း ဆောင်ရွက်

ကျေးသီး ဩဂုတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်ပေါ်လာပုံ၊ လူငယ်များအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ စသည်တို့ကို ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။ 

ဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိုင်းငင်း(ပြန်/ဆက်)