ပခုက္ကူ ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်း အရောင်ဆိုင်များအား ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွန်မှုဖြင့် ခရိုင်စားသုံးသူရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်သော ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်မားရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့မှ ဝန်ထမ်းများပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၌ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများဖြစ်ရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု ရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများအား စားသုံးပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)