ရမည်းသင်းမြို့နယ်၌ Pilot Project အစီအစဉ်အရ အခြေခံဘောလုံးနှင့် ဆက်စပ်အားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရမည်းသင်း မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Pilot Project အစီအစဉ်အရ ဖွင့်လှစ်သည့် အခြေခံဘောလုံးနှင့် ဆက်စပ်အားကစား သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာ၌ လူငယ်လူရွယ်များအတွင်း စနစ်ကျနမှန်ကန်သော အားကစားနည်းစနစ်များ ပြန့်ပွားစေရေးနှင့် ကျွမ်းကျင်မှုများရှိလာစေရန်ရည်ရွယ်ချက်၍  အစိုးသစ်လက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် နွေရာသီအားကစားသင်တန်းများဖွင့်လှစ် ဆောင်ရွက်နေခြင်းများကို အားရကျေနပ်မိပါကြောင်း၊ သို့မှသာကလေးငယ်များ၏ အနာဂတ်ပိုမိုဖွံဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး Fitness Dance သင်တန်းတွင် ထူးချွန်ဆုရရှိသူများ၊ မြန်မာ့သိုင်းသင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် ဘောလုံးသင်တန်းတွင်ဆုရရှိသူများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ တို့က  ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

ထို့​နောက် မြန်မာ့သိုင်းသင်တန်းသားများက အခြေခံ ဗန်တို ၆၃ မောင်းဖြင့် သရုပ်ပြခြင်းနှင့် Fitness Dance သင်တန်းသူများက သရုပ်ပြကပြဖျော်ဖြေခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)