ရွှေဘို မေ ၁၀
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာတွင် ကျေးရွာမြေငှားဂရမ် ထုတ်ပေးနိုင်ရေး ရက်(၁၀၀)စီမံချက်အရ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် မြို့နယ်/ကျေးရွာအုပ်စု လုပ်ငန်းအဖွဲ့များဖြင့် မြောင်းကြီးကျေးရွာသို့ ကျေးရွာနေပြည်သူများအားတွေ့ဆုံကာ ရက်(၁၀၀) စီမံချက်ကာလအတွင်း ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးလုပ်ငန်းများနှင့် ကျေးရွာမြေငှားဂရမ် ထုတ်ပေးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်သူများကလည်း လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး ကျေးရွာမြေငှားဂရမ်လျှောက်ထားသည့် မြေနေရာများအား လမ်းနယ်နိမိတ်နှင့် လွတ်ကင်းမှု ရှိ/မရှိ အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ထွန်းခိုင်(ပြန်/ဆက်)