သတင်းများ

ကန့်ဘလူမြို့နယ်အတွင်း မိုးစပါး ၃၄၇၃၀ ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၂၄၃၄၁၉၄ တင်းထွက်ရှိ
Dec 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ (၂၀၂၄ - ၂၀၂၅) ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ တွင် (၁၅၀၉၅၉) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မိုးစပါး (၃၄၇၃၀)ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၂၄၃၄၁၉၄ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အခြေခံပညာရေးကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ (၇၇)မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန် - မိုးနဲ - မိုးင်းတုံ - မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Dec 24,2024
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာချဲ့ခင်းခြင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မိုးနဲမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပြည်မြို့ရှိ စည်ပင်သာယာဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး၊ သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ဦးဆောင်မှုဖြင့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဈေးသူဈေးသားများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကမ်းနားလမ်းစည်ပင်သာယာမြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ စည်ပင်သာယာဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဗွီဒီယိုတည်းဖြတ်သင်တန်းဖွင့်လှစ်
Dec 24,2024
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံးရှိ အရာရှိ၊ အရာထမ်းဝန်ထမ်းများအားလုံး ဓါတ်ပုံသတင်းများရိုက်ကူးပြီး ဗွီဒီယိုသတင်းများကိုပါ ရိုက်ကူးတည်းဖြတ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံး(Community Centre)ခန်းတွင် ဖွင့်လှစ်ပြသပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Dec 24,2024
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ တိုင်းဒေသကြီးရုံးရှိ သင်တန်းကျောင်းတွင် ပြုလုပ်သည်။
မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။