လှိုင်သာယာ(အနောက်) ဒီဇင်ဘာ ၂၄
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံးရှိ အရာရှိ၊ အရာထမ်းဝန်ထမ်းများအားလုံး ဓါတ်ပုံသတင်းများရိုက်ကူးပြီး ဗွီဒီယိုသတင်းများကိုပါ ရိုက်ကူးတည်းဖြတ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ရုံး(Community Centre)ခန်းတွင် ဖွင့်လှစ်ပြသပေးခဲ့သည်။
သင်တန်းကို သင်တန်းဆရာအဖြစ် ဓါတ်ပုံကျွမ်းကျင်(၂)ဦးကျော်သန်းမှ သတင်းဓါတ်ပုံ/ဗွီဒီယိုရိုက်ကူးတည်းဖြတ်အခြေခံသဘောများကို ရှင်းလင်းပြသပေးသည်။ သင်တန်းကာလမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ (၂)ရက်ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်