နမ့်စန် - မိုးနဲ - မိုးင်းတုံ - မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မိုးနဲ ဒီဇင်ဘာ ၂၄

နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာချဲ့ခင်းခြင်းလုပ်ငန်းကို ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မိုးနဲမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကတ္တရာချဲ့ခင်းခြင်းကို လမ်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ‌ငွေ ကျပ် ၈၂ သန်းဖြင့် မိုးနဲလမ်းပိုင်းရှိ ကီလိုမီတာ ၅၉ ဒသမ ၁၀ မှ ၅၉ ဒသမ ၃၀အထိ (၀ ဒသမ ၂၀)ကီလိုမီတာကို မူလကတ္တရာလမ်းအကျယ် ၃ ဒသမ ၆၆ မီတာမှ ၅ ဒသမ ၅ မီတာအကျယ်ရရှိရန် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ မကြာမီပြီးစီးတော့မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ပြီးစီးသွားပါက လမ်းပမ်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလာမည်ဖြစ်‌ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

 မျိုးညွန့်ရွှေ(မိုးနဲ)