မဟာအောင်မြေမြို့နယ် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအတွက် လိုက်လံစစ်ဆေး
Dec 24,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မန်းမြို့ဈေးအား မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်တာဆီးရေးအတွက် ဈေးဆိုင်ခန်းများရှိ ပစ္စည်းသိုလှောင်ထားရှိမှု၊ လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှု အစရှိသည်တို့ကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ဒီဇင်ဘာ (၂၁)ရက်နေ့က လိုက်လံစစ်ဆေးခဲ့သည်။