တာချီလိတ်မြို့၌ မီးဘေးကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 24,2024
ရှမ်းပြည်နယ်(အရှ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ဝမ်ကောင်းမြို့မဈေးအတွင်း ကျင်းပပြုလုပ်သည်။