ပြည်မြို့ရှိ စည်ပင်သာယာဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး၊ သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပြည် ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ဦးဆောင်မှုဖြင့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဈေးသူဈေးသားများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကမ်းနားလမ်းစည်ပင်သာယာမြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ စည်ပင်သာယာဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးကျော်လင်းစိုးက အဆိုပါဈေးများမှဈေးသူ၊ ဈေးသားများအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို သိရှိပြီး လက်တွေ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မတော်တဆမီးလောင်မှုကို ၎င်းတို့ကိုယ်တိုင်အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ရေးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျှော့ချနိုင်ရေးအတွက် ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်နည်းတို့ကို ဈေးသူ/ဈေးသားများအား စနစ်တကျလုပ်ဆောင်တတ်‌စေရန် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)