သတင်းများ

ငပုတောမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Dec 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အလေးပြုအခမ်းအနားကို ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်၌ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာ‌‌ဖွေခြင်းလုပ်ငန်း School based (TB-ACF) အကြောင်းအသိပေးရှင်းလင်းပွဲ အခမ်းအနား ကျင်းပ
Dec 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သံဃာဆောင်) ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း School based (TB-ACF) အကြောင်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Dec 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့၊ နံနက် (၁၀) နာရီအချိန်က အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာဖေမြင့်ရေးသားသော ‘ဘဝဒဿန ရသစာများ’ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် "လအလင်းရောင်" စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ
Dec 24,2024
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် မယ်နင်ကျေးရွာအုပ်စု၊ မယ်နင်ကျေးရွာ၌ "လအလင်းရောင်" စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါစာကြည့်တိုက်‌တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြောက်ကုန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းကုသဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။              
ပွင့်ဖြူမြို့၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
Dec 24,2024
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အခြေခံအင်္ဂလိပ်စာသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။