လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ဟောပြောပွဲ၊ စာအုပ်လှူဒါန်းပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Dec 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာပေဖတ်ရှုသည့်အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ ဟိဏ်းသစ္စာဂျာနယ်ထုတ်ဝေခြင်း နှစ်ပတ်လည်အထိမ်းအမှတ်နှင့် ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ အသိပညာဟောပြောခြင်း၊ စာအုပ်စာစောင် လှူဒါန်းခြင်းနှင့် စာအုပ်ပြပွဲများ အခမ်းအနားက်ု ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ် (၁) နာရီ၌ Community Center ခန်းမတွင် ကျင်းပပြုလုပ်သည်။