ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် "လအလင်းရောင်" စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၂၄

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ် သိန်း ၁၅၀ ဖြင့် မယ်နင်ကျေးရွာအုပ်စု၊ မယ်နင်ကျေးရွာ၌ "လအလင်းရောင်" စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါစာကြည့်တိုက်‌တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံသစ်အား မိုင်းဆတ်ခရိုင်၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးအာလွန်၊ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊  ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးအောင်ဇော်၊ မယ်နင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်ခမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မိုင်းဆတ်ခရိုင် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတင်ဆွေမြင့်က အမှာစကားပြောကြားပြီး ဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ခိုင်မြင့်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌ ဒေါ်မိမိခိုင်တို့က ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့ဝင်တို့က လက်ခံရယူကြသည်။

ဆက်လက်၍ ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဦးကုမ္မာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး  တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်၊ ခရိုင်/မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ကျေးရွာစာကြည့်တိုက်‌ကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)