ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့၊ နံနက် (၁၀) နာရီအချိန်က အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာဖေမြင့်ရေးသားသော ‘ဘဝဒဿန ရသစာများ’ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြံခင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က ‘ကျွန်တော်ဘဝရဲ့ အလှည့်အပြောင်း’ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး ဒေါ်ခင်မိုးမြင့်က ‘တစ်သက်တာအတွင်းမှာ ဘဝပေါင်းများစွာ’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မျိုးသီတာမြင့်က ‘နောက်တစ်ကြိမ်ကြိုးစားခွင့်’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဆန်းဆန်းသစ်၊ အမျိုးသမီးရေးရာဒေါ်စန်းစန်းအေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှအေးတို့က စာအုပ်ပါခေါင်းစဉ်များဖြင့် ဆက်လက်ဆွေးနွေးကြကာ တက်ရောက်လာကြသော Women Clubအဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်အား စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော အဖွဲ့ဝင် ၂၅ ဦးမှ ကြည့်ရှုကြသည်။ ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် လစဉ် Online မှ အသိပညာပေး Talk Show များပြုလုပ်ခြင်း၊ ရုံးချုပ်က လစဉ်ပေးပို့လာသည့် စာအုပ်အသစ်များဖြင့် စာဖတ်ပရိတ်သိရှိအောင် ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွှတ်ဆိုခြင်းနှင့် လူငယ်များအသိပညာဗဟုတကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြည်သူ့ စာကြည့်တိုက် Face book page မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)