သတင်းများ

သရက်မြို့၌ ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Dec 24,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့တွင် (Grade-5)နှင့် (Grade-9) အတန်းများတွင် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲများ ပြုလုပ်
Dec 24,2024
မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9)အတန်းများတွင် သင်ကြားလျက်ရှိသော ဆရာ/ ဆရာမများ သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဆွေးနွေးပွဲများကို ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းစည်ပင်သာယာမြို့မဈေးကြီးနှင့် တမ္ပဝတီဈေးသစ်တို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Dec 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးများမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုအန္တရာယ် မဖြစ်ပွားစေရေးတို့အတွက်၊ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တမ္ပဝတီဈေးသစ်နှင့် မြို့မစည်ပင်သာယာဈေးကြီးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့ အုပ်ဖိုကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိပညာပေး ဟောပြော
Dec 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အုပ်ဖိုကျေးရွာတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းအသိပညာပေးဟောပြောပွဲနှင့် ရွက်ဖျန်းသဘာဝမြေဩဇာများဖြန့်ဖြူးခြင်းကို ယမန်နေ့ နေ့လယ်က အ.မ.က(အုပ်ဖို)၌ ဆောင်ရွက်ခဲ့သည်။
ကျေးသီးမြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 24,2024
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Dec 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Dec 24,2024
ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပရာ ဦးစွာ ယင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာယုဇနက  ဟောပြောပွဲနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားသည်။
(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၄ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။