တောင်ငူ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားမိန့်ကြားပြီး ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက တောင်ငူပညာရေးဒီဂရီကောလိပ် ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် တောင်ငူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသင်္ဂီကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက ဆရာသီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်ကြပြီး အခမ်းအနားအား ရုပ်သိမ်းသည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်ကျောင်းသား၊ ကျောင်းသူ (၁၃၃)ဦး အပါအဝင် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၉၁၁)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)