ဟင်္သာတ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၄ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာများကိုဟောပြောခဲ့သည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ကိုကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက "လွတ်လပ်ရေးအောင်ပွဲ" ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ စုစုပေါင်း (၂၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ ဗီနိုင်းများနှင့် စာအုပ်စာစောင်များကို ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)