ကံမမြို့ အုပ်ဖိုကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း အသိပညာပေး ဟောပြော

ကံမ ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အုပ်ဖိုကျေးရွာတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းအသိပညာပေးဟောပြောပွဲနှင့် ရွက်ဖျန်းသဘာဝမြေဩဇာများဖြန့်ဖြူးခြင်းကို ယမန်နေ့ နေ့လယ်က အ.မ.က(အုပ်ဖို)၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအားဆွေးနွေးပြောကြားပြီး သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ဖြိုးအောင်နှင့် ဒေါ်အိနန္ဒာအောင်တို့မှ မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာများကို ဗီဒီယိုကလစ်ဖြင့်ပြသပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်နုနုတင်က တမာရွက်ဖြင့် ပိုးသတ်ဆေးပြုလုပ်နည်းအား တောင်သူများကို ပညာပေးဆွေးနွေးပြီး သဘာဝမြေဩဇာများ ဖြန့်ဖြူးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း