သတင်းများ

ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံအတွက် ပြည်သူလူထုများ၏လှူဒါန်းငွေဖြင့် အရန် ဓါတ်အား ပေးစနစ် (Solar System) ပေးအပ်လှူဒါန်း
Jul 21,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ ကုသရေးအဆောင်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်မှုဖြင့် ပြည်သူ့ဆေးရုံအတွက် ပြည်သူလူထုများ၏လှူဒါန်းငွေဖြင့် အရန်ဓါတ်အားပေးစနစ် (Solar System) ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ် လမုကျေးရွာနေ ပြည်သူ(၄၀)ဦးတို့အား ကျေးရွာမြေငှားဂရန်များထုတ်ပေး
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ လမုကျေးရွာရှိ ကျေးရွာနေပြည်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းက လမုကျေးရွာနေပြည်သူ(၄၀)ဦးတို့အား ပရွတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာမြေငှားဂရန်များကို တာဝန်ရှိသူများကပေးအပ်ခဲ့ကြသည်။
မြဝတီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 21,2026
ကရင်ပြည်နယ် မြဝတီမြို့ရှိ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် အခြေခံပညာဦးစီးဌာန နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီက မြဝတီမြို့အမှတ် (၂)ရပ်ကွက်ရှိအမှတ် (၂)အခြေခံ ပညာအလယ်တန်း​​ကျောင်းတွင်လည်းကောင်း မွန်းလွဲ ၁ နာရီက အမှတ်(၅)ရပ်ကွက်ရှိအခြေခံပညာမူလတန်း(လွန်)ကျောင်းတွင်လည်းကောင်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ကျိုင်းတုံမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ
Jul 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲကို ဇူလိုင် ၂၁ ရက်က ကျိုင်းတုံမူလတန်းကြိုကျောင်းတွင် ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် စားသုံးဆီ အရောင်းဆိုင်များအား ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက်
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အတွင်းရှိ စားသုံးဆီကိုယ်စား လှယ်ဆိုင်များ၊ လက်လီ လက်ကားအရောင်းဆိုင်များ အနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိအား ယနေ့နံနက် (၁၁)နာရီ အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ဗဟန်းမြို့နယ်၌ “ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကျင်းပ
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းမြို့ဇာဒက်ကြီးကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jul 21,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ ဇာဒက်ကြီးကျေးရွာသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။
ပုသိမ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်း
Jul 21,2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဥပဒေရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(ToT) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။