ပုသိမ်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်း

ပုသိမ်ကြီး ဇူလိုင် ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဥပဒေရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(ToT) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အောင်မြေသာစံခရိုင်၊ ဥပဒေအရာရှိ ဦးအောင်ကျော်ဦး က သင်တန်းဖွင့်လှစ်ခြင်း အပေါ် ရှင်းလင်းပြောကြားသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်း က သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ဥပဒေ အရာရှိ ဦးဝေဖြိုး က သင်တန်းဖွင့်လှစ် သင်ကြားခဲ့သည့် ဥပဒေဘာသာရပ် (၁၁) ခုအပါ် သိရှိလိုသည်များအား ရှင်းလင်းပြောကြားသည်။

အခမ်းအနားတွင် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရန်ကင်း