ကျိုင်းတုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲကို ဇူလိုင် ၂၁ ရက်က ကျိုင်းတုံမူလတန်းကြိုကျောင်းတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမှာစကားပြောပြီး သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်ပြီး ဇူလိုင် ၁ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)