ဗဟန်း ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
ဦးစွာ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြည်သူ့စကားဝိုင်းများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။
ဆက်လက်၍ အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်၊အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်အေးမြတ်နိုးဦး ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်တို့က မူးယစ်ဆေးဝါးများ အကြောင်း ၊မူးယစ်အန္တရာယ်များအကြောင်း ၊မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ပြစ်မှုပြစ်ဒဏ် များအကြောင်း ဆွေးနွေးခဲ့ကြသည်။ထို့နောက်ပြည်သူ့စကားဝိုင်းသို့ တက်ရောက် လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သင်းသင်းစိုး(ခရိုင်ပြန်/ဆက်)