ဘိုကလေး ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အတွင်းရှိ စားသုံးဆီကိုယ်စား လှယ်ဆိုင်များ၊ လက်လီ လက်ကားအရောင်းဆိုင်များ အနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိအား ယနေ့နံနက် (၁၁)နာရီ အချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဇော်ဝင်းလှိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးနှင့် အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးတို့ပူးပေါင်း၍ ဘိုကလေးမြို့ပေါ် ရပ်ကွက်များနှင့် ဘိုကလေးမြို့မဈေးကြီးအတွင်းရှိ စားသုံးဆီကိုယ်စားလှယ်ဆိုင်များ၊ အရောင်းဆိုင်များသို့ ကွင်းဆင်း၍ နေ့စဉ်စားသုံးဆီ ခွဲတမ်းရရှိမှုအခြေအနေများ၊ နေ့စဉ် ရောင်းချမှုနှင့် လက်ကျန်ရှိမှု အခြေအနေများ၊ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိတို့အား ရှောင်တခင်ကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)