ထန်းတပင်မြို့နယ် လမုကျေးရွာနေ ပြည်သူ(၄၀)ဦးတို့အား ကျေးရွာမြေငှားဂရန်များထုတ်ပေး

ထန်းတပင် ဇူလိုင် ၂၁  

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ လမုကျေးရွာရှိ ကျေးရွာနေပြည်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းက လမုကျေးရွာနေပြည်သူ(၄၀)ဦးတို့အား ပရွတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာမြေငှားဂရန်များကို တာဝန်ရှိသူများကပေးအပ်ခဲ့ကြသည်။

ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲအခမ်းအနားတွင် ကျေးရွာမြေငှားဂရန်ထုတ်ပေး ရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက ကျေးရွာမြေငှား ဂရန်များထုတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကျေးရွာမြေငှား ဂရန်ထုတ်ပေးရေးမြို့နယ်လုပ်ငန်းအဖွဲ့ဝင်များက လမုကျေးရွာနေပြည်သူ(၄၀)ဦး တို့အား ကျေးရွာမြေငှားဂရန်များကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျေးရွာနေပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းစိုးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင် များ၊ ကျေးရွာမြေငှားဂရန် ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူ များ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)