သတင်းများ

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 21,2026
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်
Jul 21,2026
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ဇူလိုင် ၁၈-၇-၂၀၂၆ ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်က အမှတ် (၁၀) ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ဗိုလ်တထောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ လွှတ်တော်တွင် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အတွက် တင်ပြဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားခြင်း၊ ဌာနဆိုင်ရာများမှ ပြည်သူများဝန်ဆောင်မှုလုပ်ငန်းအား ပြည့်ပြည့်ဝဝဆောင်ရွက်ပေး‌စေလိုကြောင်းနှင့် အဂတိကင်းရှင်းစွာဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလည်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်‌စေလိုကြောင်း၊ မူးယစ်‌ဆေးဝါးနှင့် လောင်းကစားကိစ္စများ ကင်းရှင်း‌အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
အုတ်ဖိုမြို့၌ အခမ်းနားမှူးသင်တန်းဖွင့်လှစ်ပို့ချ
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အခမ်းနားမှူး သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်
Jul 21,2026
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျုံးကျေးရွာအုပ်စု၊ ကျုံးစံပြကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း "ကံကော်" ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌လူငယ်များဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာအသိပညာပေး
Jul 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့  မွန်းလွဲ(၁)နာရီက ကျင်းပ‌သည်။
တွံ​တေးမြို့နယ် ဒလ-တွံ​တေး ကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ​ဘေးတွဲ​/အိုး​ဝေ​မောင်းနှင်သူများအား​တွေ့ဆုံ၍ ယာဉ်/လမ်းစည်းကမ်း အသိပညာ​ပေး ​ဟောပြောခြင်း၊ လက်ကမ်း စာ​စောင်ဖြန့်​ဝေခြင်း ဆောင်ရွက် ​
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဘုရားငုတ္တို​ကျေးရွာ ဒလ-တွံ​တေး ကားလမ်းရှိ ဘုရားငုတ္တိုလမ်းဆုံတွင် ​ဘေးတွဲ​မောင်းနှင်သူ/အိုး​ဝေ​မောင်းနှင်သူများအား​တွေ့ဆုံ၍ ယာဥ်/လမ်းစည်းကမ်းအသိပညာ​ပေး​ဟောပြောခြင်း လက်ကမ်းစာ​စောင်ဖြန့်​ဝေခြင်းကို ယနေ့နံ နက် ၁၀ နာရီအချိန်က အဆိုပါနေရာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘိုကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြသဆောင်ရွက်
Jul 21,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ထန်းနှစ်ပင်( မူလွန်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။