ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ် မတ် ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဆွမ်ပရာဘွမ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှငြိမ်းနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက် ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှငြိမ်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး နိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူ(၃၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှု မှန်ကန် စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်စွက်ကူညီ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ရဲမှူး ဝင်းဇော်တို့က လာရောက်ကြည့်ရှုအားပေး၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မြို့နယ်လဝကရုံးတွင်လည်း ရုံးချိန်အတွင်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းမြင့်(ဆွမ်ပရာဘွမ်)