ဟင်္သာတ မတ် ၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ကျေးရွာများ ကမ်းပြိုမှုမှ လျော့နည်းသက်သာစေရန် ဆောင်ရွက်လျက်ရှိသည့် သောင်တူးလုပ်ငန်းအား တိုင်းအဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးခဲ့ သည်။
အဆိုပါလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး မြစ်ချောင်းဖြိုး ဦးစီးမှူး ဦးတိုးအောင်လင်းနှင့် ခရိုင်မြစ်ချောင်းဖြိုး ဦးစီးမှူး ဦးမျိုးဝင်းနှင့် တာဝန်ရှိသူများမှ ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖောင်ဆိပ်ကျေးရွာမှ ပြန်လည်ထွက်ခွာလာခဲ့ရာ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ အင်္ဂပိုလ်လမ်းရှိ ဆည်မြောင်းဧည့်ရိပ်သာ ဧည့်ခန်းမ၌ ဝန်ကြီးဌာနအတွင်းရှိ လက်အောက်ခံဦးစီးဌာန ၉ ခုတို့မှ တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)