ပြည် မတ် ၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီရိခေတ္တရာမြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ပြည်ခရိုင်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၄၀၀ခန့် တက်ရောက်သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများအသိပညာ ပေးဆွေးနွေးရာတွင် "ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ယခုမှမဟုတ်ဘဲ ၁၉၅၉ ခုနှစ်ကတည်းက စတင်တည်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေသည် အာဏာတည်သက်ရောက်ခဲ့ပြီးပြည်သူ့စစ်မှုထမ်း ဥပဒေအား ယခင်ကာလ များတွင် မကျင့်သုံးခဲ့သေးသော်လည်း ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်း ရသည့် အဓိကရည်ရွယ်ချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုအရွယ်ရောက်သူနို င်ငံသားတိုင်းက ကာကွယ်စောင့်ရှောက်နိုင်ရန် ပြဋ္ဌာန်းထားရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးလျက်ရှိကြောင်း" စသည့် သိမှတ်ဖွယ်ရာအကြောင်းများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူများ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ပြုသူများ၊ စစ်မှုထမ်းရန်ကာလ၊ စစ်သင်တန်းတတ်ရောက်နေစဉ်နှင့် သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်ချိန်များတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံစားခွင့်များကို စစ်မှုထမ်းများ အတိုင်း ခံစားခွင့်ရရှိမည့်အကြောင်းများအပါအဝင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်း စရာများကို အကျယ်တဝင့် အသိပညာပေး ဆွေနွေးပြောကြားသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)