သတင်းများ

အောင်လံမြို့၌ ဥစားကြက်မွေးမြူရေးဇုန် ဖော်ထုတ်ရေးအတွက် မြေနေရာကြည့်ရှုခြင်း၊ ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ တိုင်းဒေသကြီးအစို့ရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တို့သည် အောင်လံမြို့နယ်၌ ဥစားကြက်မွေးမြူရေးဇုန်ဖော်ထုတ်ရေးအတွက် မြေနေရာကြည့်ရှုခြင်း၊ ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်းများနှင့် တွေ့ဆုံပွဲသို့ ယနေ့နံနက် ၉ နာရီက မြေနေရာအား သွားရောက်ကြည့်ရှုပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
တံတားဦးမြို့နယ်ရှိ တိရစ္ဆာန်ကာကွယ်ဆေးများကို ထိုးနှံပေး
Mar 04,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်ရှိ တိရစ္ဆာန်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများကို ရာသီအလိုက် နှစ်စဉ်အလှည့်ကျ ထိုးနှံပေးကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးများဖြစ်သည့် ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါနှင့်လည်ချောင်ကွဲရောဂါစသည့်တို့အား တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇)အုပ်၊  တိရစ္ဆာန်ကောင်ရေ(၁၅၅၀)ကောင် ထိုးနှံပြီးစီးကြောင်း သိရသည် ။
သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ (အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး) ကမ်းပြိုကာကွယ်ရေး ဆောက်လုပ်ရေး လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က သရက်ကုန်း ကျေးရွာအုပ်စု၊ ဘုရားကြီး ကျေးရွာရှိ (အကျော်ဇေယျပဿထ စေတီတော်မြတ်ကြီး) ကမ်းပြိုကာကွယ်ရေး ဆောက်လုပ်နေမှု လုပ်ငန်းခွင် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေး
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က အိုးမြေတွင်းကျေးရွာ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 04,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 04,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် လှည့်လည်ဆော်ဩခြင်းဆောင်ရွက်
Mar 04,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့နေ့လယ် ၂နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးဆော်ဩခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Mar 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။