သာပေါင်း မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က သရက်ကုန်း ကျေးရွာအုပ်စု၊ ဘုရားကြီး ကျေးရွာရှိ (အကျော်ဇေယျပဿထ စေတီတော်မြတ်ကြီး) ကမ်းပြိုကာကွယ်ရေး ဆောက်လုပ်နေမှု လုပ်ငန်းခွင် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ၊ဦးစီးမှူး ဦးဇော်ဇော်နိုင်နှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်တို့က သရက်ကုန်း ကျေးရွာအုပ်စု၊ ဘုရားကြီး ကျေးရွာရှိ (အကျော်ဇေယျပဿထ စေတီတော်မြတ်ကြီး) ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၂)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၅၆.၂၇၆)ဖြင့် ပေ(၁၈၀) ကမ်းပြိုကာကွယ်ရေး ဆောက်လုပ်နေမှုလုပ်ငန်း (၇၀%) ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)