ပခုက္ကူ မတ် ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်လူရွယ်များအသိပညာဗဟုသုများကြွယ်ဝစေရေး ဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များငှားရမ်းပေးနေမှုများ၊ စာဖတ်ဝိုင်း၊ ပုံပြင်၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများနှင့် သင်တန်းများဖွင့်လှစ်ပို့ချပေးနေမှုအကြောင်းအရာများ၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးအကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၇) သင်တန်းသူများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)